ကားလေး တောက်ပြောင်အောင် ဘယ်လို လုပ်ရမလဲ?

ကားတစ်စီး ကို ကောင်းမွန်တဲ့ သန့်စင်ဆေးကြောခြင်း ပြုလုပ်မယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ ဆိုတာ မျှဝေပေး လိုက် ပါတယ် Toyota Fan တို့ ရေ… Quick Coating လုပ်ပေးခြင်း က ကားမှာ ရှိနေတဲ့ အစွန်းအထင်းတွေ နဲ့ အညစ်အကြေးတွေကို အမြန်ဆုံး ဖယ်ရှားပေးပြီး ကားရဲ့ ဆေးအရောင်ကို ပိုမို တောက်ပ လာစေပါတယ်။ Engine Room Cleaning ကတော့ ကားအင်ဂျင် ကို ပုံမှန် ဆေးကြောသန့်စင် ပါက ကားရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်တဲ့ ပြဿနာ တွေကို သိရှိ နိုင်တဲ့ အပြင် အင်ဂျင်ရဲ့ အသွင်အပြင် ကို မထိခိုက်စေဖို့ ဖုန်မှုန့် နှင့် အခြား အညစ်အကြေး တွေကိုပါ ဖယ်ရှား နိုင်ပါတယ်။ Room Cleaning & Deodorant Sterilization လုပ်ပေးတာ ကတော့ အတွင်းခန်းမှာ ရှိတဲ့ ထိုင်ခုံ ၊ ကြမ်းခင်းတွေ၊ ပြတင်းပေါက် အတွင်းလိုင်နာတွေ နဲ့ မှန်တွေ ၊ Dashboard တွေ ကို သန့်ရှင်း သပ်ရပ်မှု ရှိစေဖို့ သန့်စင်ပေး တာကြောင့် အနံ့ဆိုးတွေ ဖယ်ရှား ပေးနိုင်တဲ့ အပြင် ပိုးမွှားတွေ ကင်းစင် စေပြီး လေဝင်လေထွက်ကို ပါ သန့်စင် ကောင်းမွန် စေပါတယ်။ Window Cleaning၊ Polish၊ Coating လုပ်ပေးတာ က ကား ရဲ့ ပြတင်းပေါက်တွေ မှာ ပေနေ ကပ်နေတဲ့ ဆီလိုင်းကြောင်း နဲ့ မိုးရေ ဂျိုးတွေကို ဖယ်ရှား သန့်စင်ပေး တာအပြင် Coating ကြောင့် ရေစိုခံမှု ကို မြှင့်တင် ပေးနိုင် ပါတယ်။ Head Light Restoration (Cleaning၊ Polish ၊Coating၊ Protection Film) လုပ်ပေးမယ် ဆိုရင် ကားရဲ့ Headlight တွေက ဝါပြီး ညစ်ထေး မနေတော့ဘဲ Head Light တွေက သန့်စင်လာပြီး ဖောက်ထွင်း မြင်နိုင်စွမ်းကိုပါ တိုးမြှင့်လာတာကြောင့် ယာဉ်တိုက်မှု အန္တရာယ် ကို ကင်းဝေ စေပါတယ်။ Door Protection Film Door Edge ရှိနေတာ ကြောင့် ကားရဲ့ တံခါး အဖွင့်၊ အပိတ် တွေမှာ ဖြစ်တတ်တဲ့ ထိခိုက်မှု တွေ ဖြစ်တဲ့ အခြစ်ရာ၊ အစင်းရာ တွေကို လည်း ကာကွယ်ပေး နိုင်ပါတယ်။