Engine Air Filter တွေ မသန့်ရှင်းတော့ရင်!

မိမိကားလေး ကို အချိန်ကြာကြာ မောင်းနှင်ရဖို့ အမြဲတမ်း ပြုပြင်ထိန်းသိမ်းမှု လိုအပ်ချက်လေးတွေ ကို လုပ်ဆောင်ပေး သင့်ပါတယ်။ စစ်ဆေး လဲလှယ် ရမယ့် ထဲက Engine Air Filter အကြောင်းလေး ကို မျှဝေပေး လိုက်ပါတယ် ခင်ဗျာ။ Engine Air Filter က ဘာတွေ လုပ်ဆောင် ပါလဲ? အင်ဂျင် ထဲဝင်လာတဲ့ လေထု ထဲက ဖုန်မှုန့် ၊အညစ်အကြေးတွေ နှင့် ရေခိုးရေငွေ့တွေ ကို အင်ဂျင် ထဲ မဝင်လာ စေဖို့ စစ်ထုတ် ပေးတာ ဖြစ်ပါတယ်။ Engine Air Filter ကို ဘာလို့ လဲဖို့ လိုတာလဲ? လေစစ်က မကောင်းတော့ဘူး ဆိုရင် မသန့်ရှင်းတဲ့ အညစ်အကြေးတွေ နဲ့ အန္တရာယ်ရှိတဲ့ ညစ်ညမ်းတဲ့ အမှုန်အမွှားတွေက အင်ဂျင် ရဲ့ လောင်ကျွမ်းခန်းထဲ ရောက် သွားနိုင်ပါတယ်။ လေစစ်မှာ ဂျီး နဲ့ အညစ်အကြေး တွေ ပိတ်ဆို့ လာတဲ့ အခါ လောင်စာဆီစားနှုန်း မြင့်တက်လာခြင်း၊ အင်ဂျင်သံမမှန်ခြင်း၊ အင်ဂျင် အရုန်းအဆွဲ နဲ့ စွမ်းဆောင်ရည် ကျဆင်းလာခြင်း အပြင် အင်ဂျင်ကို ပါ ထိခိုက် နိုင်ပါတယ်။ လေစစ် ကို ဘယ်လို အခြေအနေမျိုး မှာ ပြောင်းလဲ သင့်လဲ? မိုင်ပေါင်း 12,000 မှ 15,000 တိုင်း ကားရဲ့ လေစစ်ကို ပြောင်းလဲ ဖို့ အကြံပြုထား ပေမယ့် လေထု ညစ်ညမ်းတဲ့ နေရာတွေ မှာ မောင်းနှင် ရတယ် ဆိုရင် မကြာခဏပြောင်းလဲဖို့ လိုအပ်ပါတယ်။ အင်ဂျင်လေစစ် ကို အင်ဂျင်ဝိုင် လဲပြီးတိုင်း ဖြုတ်ပြီး စစ်ဆေး ပေးပါ။ လဲလှယ်ဖို့ လိုအပ်ရင် လဲလှယ်ပါ။ ဒါမှသာ အင်ဂျင် အတွက် လေ အဝင် အထွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ကို ရရှိမှာ ဖြစ်ပါတယ် ခင်ဗျာ။