Window Flim တပ်ဆင်တော့မယ်ဆိုရင် ဘယ်အချက်တွေ စဉ်းစားရမလဲ?

ကားမောင်းတဲ့အခါမှာ ကားအတွင်းပိုင်းထဲကို UV နှင့် နေရောင်ခြည်တွေက ထိုးဖောက်ဝင်ရောက်တာကြောင့် ကားအတွင်းစီးနှင်း လိုက်ပါသူ နှင့် ကားအတွင်းပိုင်းရှိ Accessories တွေကို တိုက်ရိုက် ထိရောက်စေပါတယ်။ ဒါကြောင့်မို့ အပူဒဏ်က ကာကွယ်နိုင်ဖို့ Window Flim တွေကို တပ်ဆင်ကြပါတယ်။

ဒါဆို ကားမှာ Window Film တပ်ဆင်ဖို့ လိုအပ်နေပြီလို့ စဉ်းစားကြပါလိမ့်မယ်။

တကယ်လို့ Window Film တပ်ဆင်တော့မယ်ဆို ဘယ်အချက်တွေကို အဓိကထားပြီး စဉ်းစားရမလဲ?

Window Film မှာပါဝင်တဲ့ Tinted Color Level ကတော့ ကိုယ်ဝယ်ယူတပ်ဆင်မယ့် အမျိုးအစားအလိုက် 40% မှ 80% အထိ အစားစားရှိနိုင်ပြီး ရာခိုင်နှုန်းအနည်းအများပေါ် မူတည်ပြီး Color အကြည်မှ အနောက် အထိ မြင်နိုင်စွမ်း ကွာခြားသွားမှာပဲ ဖြစ်ပါတယ်။

Privacy ကို အဓိက ထားချင်သူတွေကတော့ ရာခိုင်နှုန်းများတာကို တပ်ဆင်ကြပါတယ်။

နေ့ရော ညပါ အတွင်းဘက်ကနေ ကြည်ကြည်လင်လင် မြင်နိုင်ဖိုဆို အရည်အသွေးကောင်းတဲ့ Window Film ကို သေချာရွေးချယ်တပ်ဆင်ဖို လိုပါတယ် ။

နောက်ပြီး နေရောင်ခြည်မှ တိုက်ရိုက်ကျရောက်သည့် အပူချိန်ကို ကာကွယ်ပေးသည့် IR Rejection ကိုလည်း အဓိကထား ထည့်သွင်းစဉ်းစားဖို လိုပြီး IR Rejection % များလေ အပူချိန်ကို အကာအကွယ်ပြုနိုင်လေ ဖြစ်ပါတယ်။ UV Rejection % ကလည်း အသားအရေ မပျက်ဆီးဖို နှင့် UVA, UVB, UV Rays တိုက်ရိုက်မထိတွေ့စေရန် ပမာဏများများရှိတဲ့ Window Film ကို တပ်ဆင်ဖို လိုပါတယ်။

ကားတစ်စီးစာလုံး တပ်ဆင်မယ်ဆို အရည်အသွေးကို အာမခံပေးနိူင်တဲ့ Warranty ပါဝင်သော အမျိုးအစားကို သေချာရွေးချယ်ရပါမယ်။ ဒါမှသာ Window Film ကွာခြင်း၊ လန်ခြင်း၊ လေဖုထခြင်း၊ အရောင်ကျခြင်း၊ အပူကာနှုန်းလျော့ခြင်း တစ်ခုခုကြုံတွေ့ရပါက ပြန်လည်ပြီး ဝန်ဆောင်မှု ရယူနိုင်မှာ ဖြစ်ပါတယ်။