Oil Filter လဲလှယ်ခြင်းကို လစ်လျူရှုရင်..

နှလုံးသွေးလည်ပတ်မှု ကောင်းမွန်ဖို့ အတွက် သန့်ရှင်းတဲ့ သွေးလည်ပတ်မှု ဖြစ်နေမှ ရပါမယ်။ ဒီလိုပါပဲ နှလုံးနဲ့ တူတဲ့ ကားအင်ဂျင်လေး အတွက် သန့်ရှင်းတဲ့ အင်ဂျင်ဝိုင်လေး စီးဆင်းနေဖို့ Oil Filter က လုပ်ဆောင်ပေးပါတယ်။

Oil Filter က ဘာလို့ လိုအပ်တာလဲ??

ဆံပင်တစ်ချောင်း ရဲ့ အရွယ်အစားထက် ပိုသေးငယ်တဲ့ အညစ်အကြေး နဲ့ အခြားအမှုန်တွေက အင်ဂျင်အတွင်းကို လွတ်လွတ်လပ်လပ် ဝင်ရောက်ပြီး ပိတ်ဆို့ ပျက်စီးခြင်း အဖြစ်ကို မရောက်အောင် အင်ဂျင်အစိတ်အပိုင်းတွေ မထိခိုက်အောင် အတွက် လုပ်ဆောင်ပေးပါတယ်။ အမှိုက်တွေသာမက အင်ဂျင်ဝိုင် စီးဆင်းမှု ကိုပါ ထိန်းသိမ်းပေး တာကြောင့် အရေးပါတဲ့ Oil Filter ကို တကယ် လိုအပ်ပါတယ်။

 

လဲလှယ်ခြင်းကို လစ်လျူရှုရင် ဘာတွေ ဖြစ်နိုင်လဲ??

  1. Filter ပိတ်လာပြီး ဆီကို ကောင်းမွန်စွာ စစ်ထုတ် နိုင်မည် မဟုတ်ပါ။
  2. ဆီတွေ မသန့်စင်တော့ဘဲ စေးပျစ် လာပါလိမ့်မယ်။
  3. အဆိုးဆုံး ကတော့ အင်ဂျင်ရပ်တန့် နိုင်ပြီး ပျက်စီးမှု ဖြစ်လာနိုင်ပါတယ်။

 

လဲလှယ်သင့်တဲ့ အချိန်ကာလ ကရော??

ပုံမှန်အခြေအနေဆိုရင်တော့ တစ်နှစ် သို့မဟုတ် ကီလို ၁၀,၀၀၀ တိုင်းမှာ ပြုပြင်ထိန်းသိမ်းမှုလုပ်သင့်ပြီး လွန်ကဲအခြေအနေမှာ ဆိုရင်တော့ ခြောက်လ သို့မဟုတ် ကီလို ၅,၀၀၀ ပြည့်တဲ့အခါမှာ ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်ဖို့ကို Toyota မှအကြံပြုလိုပါတယ်။ အကြံပြုလဲလှယ် ရမယ့် ကာလထက် ကျော်လွန် သုံးစွဲနေမယ် ဆိုရင် အင်ဂျင်တစ်ခုလုံး လဲလှယ်ဖို့ အထိပါ လိုအပ်လာပါလိမ့်မယ်။

 

Oil Filter ရဲ့ အရည်အသွေးက အရေးကြီးပါသလား??

အရေးကြီးပါတယ်။ အရည်အသွေး မကောင်းတဲ့ Oil Filter က မိမိကားရဲ့ အင်ဂျင်သက်တမ်းကို တိုစေကာ အခြား အစိတ်အပိုင်းတွေပါ ပျက်ယွင်းစေပါမယ်။ အစိတ်အပိုင်း သေးသေးလေးက အင်ဂျင်ကို ကာကွယ်ဖို့ အရေးကြီးတဲ့ အခန်းက နေပါဝင်နေပါတယ်။ ဒါကြောင့် Genuine Oil Filter တွေက မြင့်မားသော စစ်ထုတ်နိုင်စွမ်း ၊ သန့်ရှင်းတဲ့ အင်ဂျင်ဝိုင် လည်ပတ်စီးဆင်းမှု ချောမွေ့ ကောင်းမွန်ခြင်း ဆိုတဲ့ လုပ်ဆောင်ချက် အားသာချက် တွေနဲ့ ကားရဲ့ အင်ဂျင်ကို ကာကွယ်ပေးပါတယ်။