Toyota Genuine Engine Flush Additives (EFA) ဆိုတာ…

ဒီတစ်ခါ မှာတော့ TOYOTA Fan တွေ အတွက် Toyota Genuine EFA အကြောင်းလေးပြောပြ ပေးမယ်နော်။ Toyota Genuine EFA ကို ဘာအတွက် အသုံးပြု ရသလဲ ဆိုတာ ကို ပါ မျှဝေ ပေးပါမယ့် ခင်ဗျာ။ Toyota Genuine EFA အကြောင်း မပြောခင် ဓာတ်ဆီ ဒီဇယ် အင်ဂျင်တွေ မှာ အနည်တွေ ဂျိုးတွေ ဖြစ်လာတာ က ဘာကြောင့်လဲ ပြီးရင် ဘာတွေ ဖြစ်လာ မလဲ ဆိုတာ…

ဓာတ်ဆီအင်ဂျင်တွေ ကတော့ အင်ဂျင်ဝိုင် ပုံမှန်လဲလှယ်မှု မပြုတာမျိုး၊ ခရီးတိုများ မကြာခဏမောင်းနှင်တာမျိုး၊ ယာဥ်ကြော ပိတ်ဆို့ ရာတွင် အင်ဂျင် အလွတ်နှိုးထားတာမျိုး တွေ့ကြောင့် အင်ဂျင် အနည်တွေ က လောင်ကျွမ်း ဓာတ်တိုးပြီးတဲ့ အင်ဂျင်ဝိုင် နှင့် ရေ တို့ ရောစပ် မိကြ ရာမှ ဖြစ်ပေါ် လာတာ ဖြစ်ပါတယ်။အဲ့ဒီ အင်ဂျင် အနည်တွေက ကြာလာ တဲ့ အခါ မာကြော လာကာ ကာဗွန်ဂျိုးတွေ ဖြစ်လာ ကြတာပါ။

ဒီဇယ် အင်ဂျင်တွေ မှာ အနည်တွေ ဂျိုးတွေ ဖြစ်တာကတော့ ဓာတ်ဆီအင်ဂျင် နဲ့ မတူပါဘူး။ အရှိန်မြင့်မားစွာ မောင်းနှင်မှု နှင့် ဝန်အားမြင့် မောင်းနှင်မှု တွေက မီးခိုးမှုန်တွေ များစွာ ထွက်စေ ပါတယ်။ အဲ့ဒီ မီးခိုးမှုန်တွေက တကယ့် အမှန်ပါတော့ ကာဗွန်မှုန်တွေ ဖြစ်ပါတယ်။ ကာဗွန်မှုန်တွေက အချင်းချင်း ပေါင်းစပ် မိကာ ပိုမို ကြီးမား လာပြီး အင်ဂျင် အတွင်း မျက်နှာပြင်တွေ မှာ အနည်ထိုင် ကြပါတယ်။ ဒါကြောင့် ကာဗွန်မှုန်တွေကို ကွဲပြားမယ့် နည်းလမ်းတစ်ခု ဖြင့် သန့်စင် ပေးရန် လိုအပ် ပါတယ်။

Toyota Genuine Engine Flush Additives (EFA) ဆိုတာ..

  1. Toyota Genuine Gasoline Engine Flush
  2. Toyota Genuine Diesel Engine Flush စတဲ့ Product တွေကို ပြောတာပါ။

ဘယ်လို အသုံးဝင် ပါလဲ?

ဓာတ်ဆီအင်ဂျင် EFA နှင့် ဒီဇယ်အင်ဂျင် EFA ဆိုပြီး ၂ မျိုး ရှိလို့ ဓာတ်ဆီအင်ဂျင် အတွက် သာမက ဒီဇယ် အင်ဂျင် အားလုံးမှာပါ အသုံးပြု နိုင်ပါတယ်။

အင်ဂျင်မှာ စုပုံနေတဲ့ အနည်အနှစ် တွေကို သန့်စင် ပေးနိုင်ပါတယ်။

အင်ဂျင် နှင့် အင်ဂျင်ဝိုင် တွေ အပေါ်မှာ ဆိုးကျိုး သက်ရောက်မှု မရှိပါ။

ကြိုတင် ကာကွယ်တဲ့ အနေဖြင့် ထိန်းသိမ်းမှု့ကို ဖြစ်စေပါတယ်။

အကြံပြုထားတဲ့ အသုံးပြုရမယ့် အပိုင်းအခြား ကတော့…

Toyota Genuine EFA ကို 20K PM Service ပြုလုပ်တိုင်း အသုံးပြုပါ။

ဘယ်လို အသုံးပြု ရမလဲ?

           Lift မမြှောက်မီ

  1. အင်ဂျင်ဝိုင် ဖောက်မချမီ ထည့်ပါ။
  2. အင်ဂျင်ကို 10 မိနစ်ခန့် အလွတ်လည်စေပါ။ (Idling)

    Lift မြှောက်ထားစဉ်

  3. အင်ဂျင်ဝိုင်ဖောက်ချပါ။ အင်ဂျင်ဝိုင်စစ် ကို လဲလှယ်ပါ။

  4. အင်ဂျင်ဝိုင်အသစ် ထည့်ပါ။


  1. EFA ကို ဘယ်အခြေအနေမှာ ဆိုရင် သုံးသင့်လဲ?

    Maintenance ပုံမှန် လုပ်တဲ့ ကားတွေ မှာဆိုရင် ကီလို 20K ခြားတစ်ခါ PM Service လုပ်တဲ့ အခါ၊ ကီလို ၁၀၀,၀၀၀ အောက် မောင်းထားပြီး အင်ဂျင်ဝိုင် ပုံမှန် မလဲတဲ့ ကားမျိုး တွေ မှာဆိုရင် တော့ အင်ဂျင်ဝိုင် အရည်အသွေး (ဆီချိုး၊ အနည်ထိုင်မှု) စတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး Technician ရဲ့ အကြံပြုချက် အတိုင်း ပြုလုပ်သင့် ပါတယ်။

  2. Engine Flush သုံးပြီးရင် ဘာကောင်းကျိုး တွေ ရနိုင်မလဲ?

    ဆီစားသက်သာခြင်း၊ အင်ဂျင်ပါဝါ ကောင်းလာခြင်း၊ အင်ဂျင် သက်တမ်း ကြာရှည်ခံခြင်း စတဲ့ ကောင်းကျိုး တွေ ရနိုင်ပါတယ်။

  3. ကားမောင်းရင် ပေါ့သွား မှာလား၊ အဆွဲ အရုန်း ကောင်းသွား မှာလား?

    အင်ဂျင်အနည်တွေ ကို ဆေးလိုက်တာ ဖြစ်လို့ အင်ဂျင် ပိုမို ချောမွေ့စွာ လည်ပတ်နိုင်ပြီး အင်ဂျင်သံ ညပ်သွားတာ၊ ပေါ့သွား တာမျိုး ဖြစ်နိုင် ပေမယ့် အင်ဂျင် ပေါ့သွားခြင်း၊ အဆွဲအရုန်း ကောင်းသွားခြင်း စတဲ့ အချက်တွေက ဆီဖြန့်ဝေ စနစ်၊ မီးပေးစနစ် စတဲ့ တခြား အကြောင်းအရာတွေ အပေါ်လည်း မူတည် ပါတယ်။

  4. Engine Flush ကို သုံးရင် အင်ဂျင်ဝိုင် ခဲသွားတာ/ပျစ်သွားတာမျိုး ဖြစ်နိုင်လား? အင်ဂျင်ကို ထိခိုက်နိုင်လား?

    ပြင်ပ Market တွေမှာ သုံးတဲ့ Product တွေက အင်ဂျင်ဝိုင်ထဲ ကို Additive အနေနဲ့ ထည့်တာ ဖြစ်တဲ့ အတွက်ကြောင့် ခဲတာ မျိုးတွေ ဖြစ်တတ်ပါတယ်။

    Toyota Genuine EFA ကတော့ ခဲတာ တွေကို ဖျော်ပြီး ဖောက်ချတာ ဖြစ်တဲ့ အတွက်ကြောင့် အဲဒီလို ဆိုးကျိုး တွေ မဖြစ် စေနိုင်ပါဘူး။ ဒါပေမယ့် Toyota Genuine EFA ကတော့ အထူးသဖြင့် Toyota Genuine Engine Oil နဲ့ တွဲဖက်ပြီး သေချာ စမ်းသပ်ထား တဲ့ အတွက်ကြောင့် ဘေးထွက် ဆိုးကျိုးနည်း ပါတယ်။

  5. ကီလို ဘယ်လောက်များများ အထိ သုံးလို့ရနိုင်လဲ?

    ကီလို ၁၀၀,၀၀၀ အောက် ကား တွေမှာ Technician မှ အင်ဂျင်ဝိုင် အနည်ထိုင်မှု အခြေအနေကို စစ်ဆေးပြီး သင့်တော်ပါက အသုံးပြု နိုင်ပါတယ်။

    ကီလို ၂၀,၀၀၀ တိုင်း တစ်ခါ သုံးသွား ရင်တော့ ကီလို ၁၀၀,၀၀၀ ကျော် ရင်လည်း အသုံးပြုနိုင်ပါတယ်။

  6. တစ်ခါသုံးပြီးရင် နောက်ထပ် အမြဲသုံးဖို့ လိုလား?

    Toyota Genuine EFA ကို ကီလို ၂၀,၀၀၀ တိုင်း ပုံမှန်အသုံးပြုပေးသွားခြင်းအားဖြင့် ဆီစားသက်သာခြင်း၊ အင်ဂျင်ပါဝါ ကောင်းလာခြင်း၊ အင်ဂျင် သက်တမ်း ကြာရှည်ခံခြင်း စတဲ့ ကောင်းကျိုးတွေရနိုင်ပါတယ်။

  7. အင်ဂျင်ဝိုင် လဲရင် Engine Flush က အမြဲသုံးပေးရလား?

    အင်ဂျင်ဝိုင်ကို ကီလို ၅,၀၀၀ တိုင်း တစ်ခါ လဲရတာ ဖြစ်တဲ့ အတွက်ကြောင့် EFA ကို အမြဲသုံးပေးဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် ကီလို ၂၀,၀၀၀ တိုင်း PM Service လုပ်တဲ့ အခါမှာတော့ Toyota Genuine EFA ကို အင်ဂျင်ဝိုင်၊ အင်ဂျင်ဝိုင်စစ် (Filter) လဲရင်းနဲ့ တစ်ခါထဲ အသုံးပြုပေးသင့်ပါတယ်။

  8. ကီလို ၁၀၀,၀၀၀ ကျော်ရင် ဘာလို့မသုံးရတာလဲ?

    Service Record မသိတဲ့ ကားမျိုးတွေမှာ အင်ဂျင်ထဲမှာ အနည်တွေအရမ်းများနေရင် Engine Flush သုံးလိုက်တဲ့အခါ အနည်တွေပျော်ကျပြီး အင်ဂျင်ဝိုင်ဆီလိုင်းတွေကို ပိတ်သွားစေနိုင်ပါတယ်။ အဲဒါကြောင့် အင်ဂျင်ဝိုင်အဖုံးဖွင့်စစ်ကြည့်လို့ အနည်အရမ်းထိုင်နေတဲ့ကားတွေမှာဆိုရင် မသုံးသင့်ပါဘူး။ဒါဆိုရင် EFA ကို သုံးကြည့်ဖို့ အဆင်ပြေလောက်ပြီး ထင်ပါတယ် Toyota Fan တို့ရေ…