Used ကားလေး ကို မစီးခင် မှာ ဘယ်လိုများ Caring လုပ်သင့်လဲ ?

Toyota Fan တို့ရေ ခုတစ်ခါ မျှဝေပေးမှာ ကတော့ တကယ်လို့များ ကိုယ်က Used ကားလေး ကို ရွေးချယ် ဖြစ်ခဲ့တယ် ဆိုရင်!!! မစီးခင် မှာ ဘယ်လိုလေး Caring လုပ်သင့်လဲ??? Used ကားတစ်စီး ရဲ့ အတွင်းပိုင်း မှာ ဘယ်နေရာတွေ မှာ ပိုးမွှားအများဆုံး ရှိတတ်လဲ ဆိုရင် တော့ 1. Trunk 2. Driver’s seat 3. Gearstick 4. Back seat 5. Dashboard 6. Steering wheel 7. Small Gap In Between Seats (Car ထိုင်ခုံ တွေ ကြားထဲ ) တွေမှာ အများဆုံး ရှိနေတတ်ပါတယ်။ ကားရဲ့ အတွင်းခန်း ထဲမှာ ရှိနေတဲ့ မှို နဲ့ ဘက်တီးရီးယား တွေကြောင့်လည်း ကျန်းမာရေး ကိုပါ ထိခိုက် တတ်ပါ သေးတယ်။ သမရိုးကျ သန့်စင် ရှင်းလင်း လိုက်ရင် တော့ ကြည့်လိုက်ရင် ကား က သန့်ရှင်း သွားတယ်လို့ ထင်ရပေမယ့် မျက်စိနဲ့ မမြင်ရတဲ့ ပိုးမွှားတွေ ကို တော့ ဘယ်လို သန့်စင် ရမလဲ? ဘက်တီးရီးယား၊ ပိုးမွှားများ နှင့် မှိုတွေ ကို ထိရောက်စွာ ဖယ်ရှားပေးနိုင်တဲ့ ကားအတွင်းခန်း ပိုးသတ်ခြင်း လုပ်ဆောင်ရပါမယ်။ ကား လေဝင် လေထွက် စနစ်၊ air-con စနစ် နှင့် သန့်ရှင်း​ရေး ပြုလုပ်ရန် ခက်ခဲသော နေရာများထိ ရောက်ရှိနိုင်တဲ့ ဘက်တီးရီးယား နှင့် မှိုများကို ဖယ်ရှားပေး ရပါမယ်။ အန္တရာယ်ရှိသော ဓာတ်ငွေ့များ အသုံးပြုထားခြင်း မရှိတဲ့ Product မျိုးနဲ့ သန့်စင် ရှင်လင်း ပေးရပါမယ်။ မိမိ ဝယ်ထားတဲ့ Used ကားလေး ကို မိမိရော မိသားစု တွေ ပါ မစီးနှင်းခင်မှာ သေချာ ကားအပြင်ဘက် သာမက ကားရဲ့ အတွင်းပိုင်း ပါ သန့်ရှင်း နေစေဖို့ ခုပဲ သန့်ရှင်းပေးဖို့ သတိရ လိုက်ပါ ခင်ဗျာ။