ကားကြံ့ခိုင်မှုကို ဘာကြောင့် ပုံမှန် စစ်ဆေးသင့်တာလဲ?

ကာလအလိုက် တဖြေးဖြေး တန်ဖိုးမြင့်မားလာတဲ့ကားတွေမှာ ဖြစ်ပေါ်နေတဲ့ပြဿနာတွေကို အချိန်မီ စစ်ဆေးပြုပြင်မှုမရှိဘဲ လျစ်လျူရှုခဲ့မယ်ဆိုလျှင် မလိုလားအပ်သည့် ပြဿနာများအပြင် ကုန်ကျစရိတ်များပြီး ကားတန်ဘိုးကိုလည်း လျော့ကျစေနိုင်ပါတယ် ။ ကားကြံ့ခိုင်မှုများ ပုံမှန်စစ်ဆေးပေးခြင်းဖြင့် -  

  1. သင့်ကားတွင် ဖြစ်နိုင်ခြေရှိသည့် ပြဿနာများကို စောစီးစွာ သိရှိပြီး ၎င်းတို့ကို အချိန်မီ ပြုပြင်နိုင်ခြင်း။
  2. ပြဿနာများကို စောစီးစွာသိရှိနိုင်ပြီး အဖြေရှာပြုပြင်နိုင်ခြင်းကြောင့် နောက်ဆက်တွဲပြဿနာများ မကြီးမားစေဘဲ ကုန်ကျစရိတ်ကို လျော့ချနိုင်ခြင်း။
  3. အလုံးစုံ စစ်ဆေးပေးခြင်းဖြင့် ဘေးကင်းစွာ မောင်းနှင်နိုင်ပြီး ပိုမိုလုံခြုံမှုရှိစေခြင်း။ 
  4. ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သောယာဉ်သည် စွမ်းဆောင်ရည် ပိုမိုမြှင့်တက်စေပြီး ယာဉ်၏ သက်တမ်းကိုလည်း ကြာရှည်စွာထိန်းသိမ်းထားနိုင်ခြင်း။ 
  5. သင့်ကားအား သေချာစွာ စစ်ဆေးပြီး အခြေအနေကောင်းမွန်ကြောင်း သိရှိခြင်းသည် ယုံကြည်မှုရှိရှိ မောင်းနှင်နိုင်ပြီး စိတ်၏ အေးချမ်းမှုကို ရရှိစေမှာ ဖြစ်ပါတယ် ။ 

Toyota ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိတို့ကားလေးကို စိတ်ချ၊လုံခြုံစွာ မောင်းနှင်နိုင်ဖို့ Toyota Aye and Sons Authorized Service တွင် ကားကြံခိုင်မှုစစ်ဆေးခြင်း Package - 30 Points ကို ပုံမှန် စစ်ဆေးခထက် များစွာသက်သာသော ငွေကျပ် ၁သောင်း ထဲနဲ့သာ လာရောက်စစ်ဆေးနိုင်ပါပြီ။ 
ကားကြံ့ခိုင်မှုစစ်ဆေးခြင်း Package မှာတော့ - ကားအတွင်းခန်း ( 10 ) Points ၊ အင်ဂျင်ခန်း ( 10 ) Points  တာယာနှင့်ကားအောက်ပိုင်း ( 10 ) Points တို့ကို Toyota Certified Technicians များမှ အသေးစိတ် စစ်ဆေးပေးသွားမှာပါ ။ 
ဒါ့အပြင် ကားကီလိုအလိုက် Periodical Maintenance ဆောင်ရွက်ခဲ့မယ်ဆို Spare Parts တန်ဖိုး 10% ကိုလည်း လျော့ဈေးထပ်မံပေးသွားဦးမှာမို့ အတန်တကာ့အတန်ဆုံး ဝန်ဆောင်မှုများကို Toyota Aye and Sons Service တွင် အရယူလိုက်ပါ။ 
ကျပ် ၃ သိန်းနှင့်အထက် Service ရယူသော ကာစတမ်မာကြီးများကို မေတ္တာလက်ဆောင်လည်း ထပ်မံ ပေးသွားဦးမှာမို့ Toyota Aye and Sons Service သို့ အရောက်လှမ်းခဲ့ဖို့သာ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 

✅Kabaraye Service : အမှတ် ၈၇(က)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့ ၊ ပုလဲကွန်ဒိုရှေ့ ။
☎Phone : 09 409 824 711 , 09 409 824 722 
✅Hlaing Thar Yar Service : အမှတ် ( ၈၅ ) မင်းဧရာလမ်းနှင့်သံလွင်လမ်း ၊ ရွှေသံလွင်စက်မှုဇုံ ၊ လှိုင်သာယာမြို့နယ် ။ 
☎Phone : 09 450 062 995, 09 425 756 264
Service Available: Every Monday to Saturday ( 9 AM to 5 PM ) Closed Sunday and Public Holidays.