Stick to the service schedule

ကားတစ်စီးကို အကောင်းဆုံးသော အခြေအနေတစ်ခုမှာ အမြဲရှိနေစေရန် နှင့် ကား၏ သက်တမ်းကို တာရှည်စေရန် အချိန်မှန်မှန် စစ်ဆေး ပြုပြင်ခြင်းသည် အရေးကြီးပါသည်။

မိမိကား ကို ပုံမှန်စစ်ဆေးဖို့ ဦးစားပေးခြင်းသည် ကားကို အကောင်းဆုံး အသုံးပြုနိုင်ဖို့ နှင့် လုံခြုံစိတ်ချရမှုကို ထိန်းသိမ်းထားနိုင်ဖို့ အတွက်အကောင်းဆုံးဖြစ်ပါသည်။ ပုံမှန် စစ်ဆေးခြင်းကြောင့် ပြုပြင်စရိတ်များ သက်သာစေပြီး ကားတစ်စီးကြောင့် ပိုမိုကုန်ကျလာရမည့် စရိတ်များအတွက် စိတ်ညစ်စေရမည့် အခြေအနေများမှလည်း ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။

မိမိကားကို Servicing(ပြုပြင်ထိန်းသိမ်း) ပေးရမည့်အချိန် နှင့် မည်သည့်အရာကို ပြုပြင်ဖို့ လိုအပ်သည်ကို သိရှိရန် Handbook (လက်စွဲစာအုပ်)တွင် စစ်ဆေးရပါမည်။

ခေတ်မီသော ကားများတွင် ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့်အခါ သတိပေးရန် (Dashboard) ဒက်ရှ်ဘုတ်ပေါ်တွင် အချက်ပြမီးများ ပါရှိပါသည်။

မိမိကားကို သတ်မှတ်ထားသည့် အချိန်တိုင်းမှာ စစ်ဆေးမှုကို လုပ်ဆောင်ပေးခြင်းဖြင့် 'အကြီးစား' ပြုပြင်မှုကို နှစ်နှစ် သို့မဟုတ် သုံးနှစ်တစ်ကြိမ် မှသာ ပြုလုပ်ရနိုင်ချေ ရှိသောကြောင့် ကုန်ကျစရိတ်ကို လျော့ကျစေပါသည်။

မိမိကားလေးသည် ကြံ့ခိုင်သော အခြေအနေမှာ ရှိနေလား? ရှိမနေဘူးလား? သေချာလေး သိနေစေဖို့ ကို ကား၏ အတွင်းခန်းထဲ မှာ စစ်ဆေးဖို့ လိုအပ်သည့် အချက် (၁၀) ချက်၊ အင်ဂျင်အခန်းထဲမှာ စစ်ဆေးဖို့ လိုအပ်သည့် အချက် (၁၀) ချက် နှင့် ကားတာယာ နှင့် ကားအောက်ပိုင်း မှာ စစ်ဆေးဖို့ လိုအပ်သည့် အချက် (၁၀) ချက် စသည့်ဖြင့် အသေးစား စစ်ဆေးမှု တို့ကို မပျက်မကွက်ဘဲ သတ်မှတ်ထားသည့် အချိန် ရောက်ရှိလာသည် နှင့် တစ်ပြိုင်နက် သတိတရ စစ်ဆေးပေးကြဖို့ လိုအပ်ပါသည် ခင်ဗျာ။