Electric Fuel Pump တွေဘာကြောင့် ပျက်စီးရလဲ?

Electric Fuel Pump တစ်ခု ဘယ်လို အလုပ်လုပ်လဲ? ကားစက် စနှိုးလိုက်ပြီဆိုတာနဲ့ ဆီတိုင်ကီ ထဲက ဆီတွေဟာ ဆီစစ်စကာ (Filter) နဲ့ Inlet Tube တွေ ကနေ တစ်ဆင့် ဆီပန့်ထဲ စတင် ဝင်ရောက် လာပါတယ်။ Electric Fuel Pumps တွေဟာ ကားသော့ကို Ignition On လိုက်တာနဲ့ စတင်အလုပ်လုပ်ပြီး၊ အင်ဂျင်လည်ပတ် နေသမျှ ကာလပတ်လုံး တောက်လျှောက် မရပ်မနား အလုပ်လုပ် ပါတယ်။ Electric Fuel Pumps တွေဟာ သတ်မှတ်ထားတဲ့ ပုံမှန် Speed နဲ့ လည်ပတ်နေပြီး တစ်ခါတစ်ရံမှာတော့ အင်ဂျင်ရဲ့ လည်ပတ်နှုန်းနဲ့ သုံးစွဲတဲ့ ဝန်အား အပေါ်မူတည်ပြီး အနှေးအမြန် ပြောင်းလဲလည်ပတ်ပါတယ်။ Electric Fuel Pump တွေ အလျင်အမြန် မပျက်စီးစေဖို့ ဘယ်လို ကာကွယ်မလဲ? ဆီပန့်ရဲ့ အဓိကတာဝန်က ဆီတိုင်ကီထဲက ဆီတွေကို Injector တွေဆီ ပို့ဆောင်ပေးတာပါ။ ဒီလို လောင်စာဆီတွေကို သယ်ယူပို့ဆောင် ရတဲ့အခါမှာ ပုံမှန်ရိုးရိုး သယ်ယူပို့ဆောင်လို့ မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အင်ဂျင်ခန်းထဲကို မီးလောင်ပေါက်ကွဲ ဖို့လိုအပ်တဲ့ လောင်စာဆီ တွေကို Injector တွေသုံး ဖြန်းသွင်းရတဲ့ အခါမှာ လောင်စာဆီ တွေကို သေးငယ်တဲ့ ဆီအမှုန် အမွှားလေးတွေ အဖြစ် ဖြန်းသွင်းပေးဖို့ လိုလို့ပါပဲ။ ဒါကြောင့် ဒီလောင်စာဆီ တွေကို ဆီအမှုန် အမွှားလေးတွေ ဖြစ်အောင် ပန်းသွင်းပေးဖို့ Pressure ဆိုတဲ့ အားပြင်းတဲ့ ဖိအားတစ်ခု လိုပါတယ်။ ဒီလို လိုအပ်တဲ့ ဖိအားကို ရရှိအောင် ဒီဆီတိုင်ကီ ထဲက ဆီပန့်ကပဲ တွန်းပေးရတာပါ။ Electric Fuel Pump တွေဘာကြောင့် ပျက်စီးရလဲ? ၁။ ဆီတိုင်ကီ ထဲက ဆီကို ကုန်ခါနီးအထိသုံးတာ၊ ၂။ ဆီထဲမှာ ရေ ရောနှောပါလာတာ၊ ၃။ ဆီ အရည်အသွေး မပြည့်မီတာ (သို့) ဆီမသန့်တာ စတဲ့ အချက်တွေကြောင့်ပါ။   Electric Fuel Pump တွေ မကောင်းတော့ဘူးဆိုရင် ဘယ်လို လက္ခဏာတွေပြမလဲ? ၁။ ဆီတိုင်ကီထဲက ဆီပန့် အသံကြမ်းလာတာ၊ ၂။ အင်ဂျင်နှိုးရခက်တာ၊ ၃။ အင်ဂျင် တုံ့ဆိုင်းသွားတာ၊ ၄။ အင်ဂျင်ရုန်းအားကျတာ၊ ၅။ ဆီစားနှုန်း မမှန်တာ၊ ၆။ အင်ဂျင်နှိုးမရတော့တာ စတဲ့ လက္ခဏာတွေ ပြပါလိမ့်မယ်။ ဆီပန့် မကောင်းရင် ပြဿနာမျိုးစုံ ကြုံရပြီး စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါကြောင့် ဆီတိုင်ကီထဲက ဆီပန့်တွေကို လဲ အထူး ဂရုစိုက်ဖို့  လိုအပ်ပါတယ် ခင်ဗျာ။